Thursday, August 13, 2009

ဝမ်းနည်းခြင်းများစွာဖြင့်


တောင်ကြီးမြို့နေ စိုင်းစည်သူကျော်ဧ။်အဖေ ဦးစိုင်းကျော်တင့် ၇-၈-၀၉ နေ့တွင်ကွယ်လွန်ကြောင်းကြားသိရသောကြောင့်မိသားစုနှင့်ထပ်တူ
ဝမ်းနည်းကြောင်းဖေါ်ပြအပ်ပါသည်....
ကိုကျော်ထက်

ဝမ်းနည်းခြင်းများစွာဖြင့်

တောင်ကြီးမြို့နေ စိုင်းစည်သူကျော်

Monday, June 9, 2008

လူသားချင်းစာနာမှု


တူညီချက်ဟူ၍ လူသားအချင်းချင်းဖြစ်ရုံမျှနှင့်
အခြားသူများခံစားရသောဒုက္ခသုက္ခတို့ကို
စာနာနားလည်မိပါသည်ဟူသောအဓိပ္ပါယ်မှာ
မြန်မာနိုင်ငံတွင်နာဂစ်တိုက်ခတ်ခြင်းကြောင့်
ပြည်သူအများသိန်းဂဏန်းသေဆုံးပျောက်ဆုံးသည့်အခါ
မြန်မာနိုင်ငံသို့တစ်ခေါက်မှပင်မရောက်ဘူး၊ကြားပင်မကြားဘူး၊
မြန်မာနိုင်ငံကောင်းစားခြင်း မကောင်းစားခြင်းသည်
သူ၏အကျိုးစီးပွားနှင့်မသက်ဆိုင်သည့် မိုင်ထောင်ချီဝေးရာအရပ်မှ
သာမာန်ပြည်သူတစ်ဦးကမိမိချွေးနှဲစာမှ ၁၀ဒေါ်လာမျှ
မြန်မာနိုင်ငံသို့ လူသားချင်းစာနာသောအကူအညီ
Humanitarian Aid အဖြစ်ထည့်ဝင်
လှူဒါန်းသည့့််အခါမျိုးတွင် ပို၍ထင်ရှားပေါ်လွင်ပါသည်။
မြန်မာပြည်သူများ မုန်တိုင်းကြောင့်
ထိခိုက်ဆုံးရှုံးရချိန်ဝယ်“လူသားအချင်းချင်းဖြစ်သည်ဆိုကာ”
ထပ်တူထပ်မျှခံစားနားလည်ပြီး
“နှုတ်အား၊စိတ်အား၊ကိုယ်အား”ဖြင့်
“လူသားချင်းစာနာသောအကူအညီ”
ပေးအပ်ကြသောကမ္ဘာအရပ်ရပ်ရှိ
လူသားအပေါင်းအား
www.kokyawhtet.blogspot.com
အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Friday, June 6, 2008

ဧရာဝတီ၏ ၀ိညာဉ်များ




ငါတို့ ဧရာဝတီမှာ မွေးကြတယ်။
ဒီမြေကြီးကို ယက်ထွန်
ဒီရေမှာ စုန်ဆန်ကူး
ဧရာဝတီကို အမှီပြုလို့
ငါတို့ဘ၀တွေ ရှင်သန်ကြသည်။

ဧရာဝတီက ကျွေးတဲ့ ဆန်
မြန်မာပင်လယ်ထဲက ပေးတဲ့ငါး
အားထားလို့ ရုန်းကန်ရင်း
ဒီရေ၊ ဒီမြေ၊ ဒီပင်လယ်မှာ ခေါင်းချသွားခဲ့ပြီ။
အမိနိုင်ငံရဲ့ တောင်ပိုင်း
မြစ်လက်တက် ချောင်းကန်တွေ အမွှာမွှာယှက်နေတဲ့
ဒီ..ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီးသာပဲ
ငါတို့ရဲ့ အနှီးပုခက်…….
ငါတို့ရဲ့ ထမင်းအိုး…..
ငါတို့ရဲ့ တစပြင် ထာဝစဉ်ဖြစ်တော့သည်။

မြစ်ဝကျွန်းပေါ် ဧရာဝတီ
မြန်မာပြည်ရဲ့ ဆန်အိုးကြီးလို့ ကမ္ဘာတွင်ရဲ့
အာရှတိုက်ရဲ့ စပါးကျီလည်း ဖြစ်ခဲ့ဘူးရဲ့။
မိုးထဲလေထဲ ဇွဲနပဲနဲ့
ရွှံ့ထဲရေထဲ နွားနဲ့ ထွန်တုံးဖက်ကန်ရုန်းရင်း
ဧရာဝတီသား လယ်သမားတို့
ပြည့်ဝမ်းစာလည်း ပြည့်စေခဲ့ပြီ။

စပါးထွက်တိုး ကြိုးစိုက်ပျိုးရင်း
အင်းအိုင် ချောင်းမြောင်း ပိုက်ကွန်ဟောင်းနဲ့
ပင်လယ်ပြင်အောက် လှိုင်းမကြောက်ပဲ
တိုင်းကျိုးပြည်တွက် ဆောင်ရွက်ခဲ့ပြီ။

Thursday, April 3, 2008

အကြည့်များ

“ဟိုးအရှေ့မှာမီးရောင်”
ပထမလူ။ ။“မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကိုသေသေချာချာပြန်ကြည့်ရအုံးမယ်”
ဒုတိယလူ။ ။“ပတ်ဝန်းကြီးကို အရင်ကြည့်ပစ် လိုက်မယ်ဗျာ”
တတိယလူ။ ။အတန်ကြာငြိမ်သက်ပြီးမှ
“ကျွန်တော်ကတော့မီးအိမ်ထွန်းတဲ့လူကိုအရင်ကြည့်မယ်ဗျာ”
 

Design by Amanda @ Blogger Buster