Friday, February 22, 2008

မှတ်တိုင်

သေလောက်သောရောဂါရှိသည့်လူနာနှစ်ဦး
အဝေးသို့ငေးမောနေကြသည်။
အတန်ကြာမှ........
တစ်ယောက်က မထီတရီအပြုံးဖြင့်.....
“သင်္ချိုင်းမှာမှတ်တိုင်တစ်ခုစိုက်ရဖို့ဆိုတာတောင်
သေရဲဖို့ လိုတယ်ဗျ“....
ကျန်တစ်ယောက်က သက်ပျင်းချရင်းပြောသည်။
“သမိုင်းမှာမှတ်တိုင် စိုက်နိုင်ဖို့ဆိုတာ ကလည်း
ရှင်ရဲဖို့ လိုတယ်ဗျ.....“

Wednesday, February 20, 2008

ကျွန်တော့်သမီး မွေးနေ့ပွဲမှ ဓါတ်ပုံများဖြစ်ပါတယ်.......


ရှေးဦးစွာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီး မွမ်းပါတယ်......
အစစ အရာရာဝိုင်းဝန်းကူညီပေးကြ သော မိတ်ဆွေ များ
နှင့်အထူးသဖြင့် ဓါတ်ပုံနှင့်ဗီဒီယို မှတ်တမ်းတင်ပေးသော
ဆရာ y-lay နှင့် darling myo thant တို့အား၎င်း၊
မုန့်ဟင်းခါးချက်ပြုတ်ပေးသောကိုဖြူ အား၎င်း
အထူးကျေးဇူးတင်ပါကြောင်း
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Wednesday, February 13, 2008

တမ်းတ

လရောင်သမ်းတဲ့
မိုးကောင်ကင်မှာ
ကြယ်စင်ကလေးတွေမရှိရင်
သဘာဝအလျောက်လင်းတဲ့
မီးအိမ်ကလေးရှိခဲ့မယ်ဆိုရင်
ချစ်သူက
ကိုယ့်ကို
ထာဝရ တည်မြဲမဲ့
သံယောဇဉ်ပန်းကလေး
ပေမှာလား……..

(ချစ်သူများနေ့ အမှတ်တရ)
ကျွန်တော့်ညီလေးရေးထားတာပါ
ကျွန်တော်ကတော့ကဗျာမရေးတက်ပါ။

ဆောင်း

ဆောင်းညတွေမှာ
နှင်းတွေတဖွဲဖွဲကျတဲ့
လေဟာပြင်
တောင်တန်းတနေရာက
တဲအိမ်ကလေးထဲမှာ
အထီးကျန်မဲ့
လူတစ်ယောက်ဟာ
ဘ၀ကူဖော်
ပေါ်လာနိုးရယ်နဲ့
နှင်းတွေသာ
တောင်လိုဖြစ်ကာ
အဝေးသူရဲ့
အရိပ်အရောင်တောင်
မမြင်ရရှာ……….

(ချစ်သူများနေ့ အမှတ်တရ)

Monday, February 11, 2008

အင်မတန်ခင်ဖို့ကောင်းတဲ့ဘော်ဘော်လေး



ကျွန်တော်သူငယ်ချင်းလေးပါ
အခုတော့သူကောင်းစားနေပါပြီ။
ဒီမှာရှိသောဘော်ဘော်များကလည်းသတိရလျက်ပါ။

Tuesday, February 5, 2008

ကျွန့်တော် အချစ်ဆုံးသမီးလေး ရဲ့ ၃ နှစ်မြောက်မွေးနေ့

ဖေဖေါ်ဝါရီ ၁၆ရက်နေ့ဟာကျွန့်တော်
အချစ်ဆုံးသမီးလေး ရဲ့ ၃ နှစ်မြောက်မွေးနေ့ပါ
ဘုရားကျောင်းမှာ ဘုရားရှိခိုးပြီး မွေးနေ့လုပ်ပါမယ်........
အားလုံးကိုဖိတ်ပါတယ်.....
၁၆-၂-၀၈ စနေနေ့ ညနေ ၅း၀၀ နာရီပါ...
မုန့်ဟင်းခါးကျွေးပါမယ်...
ကျွန့်တော် သမီးရဲ့မွေးနေ့ပွဲမှာမပါဝင်နိုင်ပါ......
Happy Birthday my daughter...
God Bless You and I Love You.

Monday, February 4, 2008

ကျွန်တော်နှင့်ရေနွေးရွာ

ကျွန်တော်တို့သူငယ်ချင်းတွေမနေ့က ရွှေ ညောင်မြို့နားမှာရှိတဲ့သဘာဝရေပူထွက်တဲ့
ရေနွေးရွာသို့ရောက်ခဲ့ကြပါတယ်။တောင်းကြီးကိုစရောက်ကတည်းကရေမချိုးဖြစ်ကြတဲ့
ကျွန်တော်တို့တွေဟာ(အမှန်တော့ညစ်ပတ်ကြတာပါ)အရမ်းလည်းအေးတာကိုး...........
အတိုးချပြီးရေအ၀ချိုးမယ်စိတ်ကူးနဲ့ပေါ့.....
ရွှေ ညောင် မှာရှိတဲ့သူငယ်ချင်းကလည်းဝက်သားဟင်းနဲ့ထမင်းကျွေးမယ်ဆိုတာလည်း
ပါတာပေါ့ဗျာ...........အဲဒါနဲ့တောင်ကြီးကနေရွှေ ညောင်ကိုနံနက် ၈း၀၀ လောက်မှာကား
ကြုံနဲ့သွားခဲ့ကြပါတယ်။ရွှေ ညောင်ကသူငယ်ချင်းအိမ်ကို ၈း၄၅ လောက်ရောက်ပါတယ်
အဲဒီအိမ်ကမှတဆင့်စက်ဘီးများနဲ့ရေနွေးရွာသို့သွားခဲ့ကြပါတယ်..............
ရန်ကုန် တောင်ကြီး ကားလမ်းမကနေ၂ မိုင်နီးပါးလောက်တောလမ်းလေးအတိုင်းစက်ဘီး
စီးပြီးသွားခဲ့ကြပါတယ်...............အလွန်သာယာတဲ့လမ်းကလေးပေါ့........................
မခံစားရတာကြာပြီဖြစ်တဲ့ တောဓလေ့၊မရှုရှိက်ရတာကြာပြီဖြစ်တဲ့ လေကောင်းလေသန့်
မမြင်ရတာကြာပြီဖြစ်တဲ့ လယ်ကွင်းတွေ၊တောတန်းတွေ ၊လွမ်းမောဘွယ်ကောင်းတဲ့တောင်
တန်းကြီးတွေကိုတွေ့လိုက်ရတဲ့ကျွန်တော်တို့ဟာ အမောတွေပြေသွားပြီးစိတ်ထဲမှာလည်းကြည်
နူးလမ်းဆန်းလို့သွားခဲ့ပါတယ်.................
ုမြို့ပြရဲ့မွမ်းကျပ်မှုတွေကို ခံစားနေရတဲကျွန်တော်တို့အတွက်တော့အားဆေးပါပဲ........
၁၅မိနစ်ခန့်လောက်စက်ဘီးစီးပြီးတော့ ရေနွေးတွေပွက်ပွက်ဆူထွက်နေတဲ့ သဘာဝရေပူစမ်း
ကိုရောက်ပါတယ်................
ရေပူကန်ကြီးတွေမှာရေလာချိုးသူတွေနဲ့ပြည့်နေတာပဲဗျာ..............ရေကပူတာမှတော်တော်ပူတာဗျ..
ကြက်ဥပြုတ်ရင်တောင်ကြက်တယ်လို့ဆိုတယ်......ကျွန်တော်တို့တွေလည်း ၂ နာရီလောက် အငွေ့တွေ
ထောင်းထောင်းထနေတဲ့ရေနွေးကန်ကြီးထဲမှာစိမ်ပြီးဇိမ်ခံခဲ့ကြပါတယ်........တရုတ်ကားထဲကတိုင်းပေါ့...
ကန့်ဓါတ်ပါတဲ့ရေဆိုတော့ ကျန်းမာရေးအတွက်တော်တော်အထောက်ကူပြုတယ်ဆိုလားပဲ........
အညောင်းကတော့တော်တော်ပြေသွားတယ်ဗျို့ ...................
ကဲမိတ်ဆွေ တို့တောင်ကြီးကိုရောက်ရင် ရွှေညောင်နားက ရေနွေးရွာလေးသိုဝင်ဖြစ်အောင်ဝင်သွားကြ
ပါလို့သတင်းကောင်းပါးလိုက်ပါရစေ။
 

Design by Amanda @ Blogger Buster