Wednesday, January 30, 2008

valentine's လက်ဆောင် ယူကြမယ်

မေးခွန်းလေးတွေဖြေရင်း .......

valentine's လက်ဆောင်လေးတွေယူကြစို့
မယ်သီလရှင် (၃)ပါး ချောင်းကူးတံတားလေး တစ်ခုပေါ်ကနေ ဖြတ်လျှောက်လာကြတယ်............................

အဲဒီမှာရှေ့ဆုံးက မယ်သီလရှင် (၁)ပါး ခေါင်းပေါ်က

အလှူခံလာတဲ့ အထုပ်လေး ချောပြီးေ၇ထဲကိုပြုတ်ကျသွားတာပေါ့်

အဲဒီအထုပ်လေးက ရေထဲမှာ နစ်ချီ မြုပ်ချီ နဲ့ လေ .......

ဒီတော့ အဲဒီအထုပ်လေးကို ဘယ်မယ်သီလရှင်က အရင်မြင်မလဲ ....... ဟင်



ဒူ ....ဟူ.....ဟူ.... ဖြေလို့ ရပါပြီ.......................
အရင်ဆုံးဖြေနိုင်တဲ့သူမှရမှာနော် ....................

ဖေဖော်ဝါရီ ၁၄


လူအများသိကြတဲ့ အတိုင်းဖေဖော်ဝါရီ၁၄က ချစ်သူများဆုံဆည်းကျတဲ့နေလေးပေါ့ဗျာ။ ချစ်သူတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် တစ်နိုင်ငံထဲံမှာ အတူရှိနိုင်သလို မတူတဲ့အခါတွေလည်း ရှိပါတယ်။ တူတဲ့အခါမှာ ပျှော်ရွှင် ကြည်နှုးရမယ်ထင်ပါတယ် ဒါပေမယ့် ဝေးနေတဲ့အချိန်တွေမှာတော့ အရမ်းကိုခက်ခဲလှပါတယ်။ သူတို့မှာ ဖေဖော်ဝါရီ၁၄ကို သူတို့သူငယ်ချင်းတွေ သူတို့ချစ်သူလေးတွေနဲ့ ကျင်းပနေချိန်မှာ သူတို့ရဲ့ နှလုံးသားထဲမှာတော့ ချစ်သူကို လွမ်းစိတ်နဲ့ နာကျင်လွန်းလှပါတယ်။ ဒါကြောင့် ချစ်သူများနေ့ဟာ တစ်ခြားလူတွေအတွက် ပျှော်စရာတွေ ဖြစ်နိုင်ပေမယ့် ဝေးနေကြတဲ့ လူတွေအတွက်တော့ နာကျင်ခံစားလွမ်းဆွတ်ရပါတယ်။ ချစ်သူများနေ့မှာ ချစ်သူအားလုံး အတူတူရှိနိုင်ရင် လောကကြီးက ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါပေမယ့် လောကကြီးဟာ ကျနော်တို့ကို မျက်နှာသာမပေးပါဘူး။ တစ်ချိန်ဆိုတာလေးကို သူတို့ဝေးနေကြတဲ့လူတွေ စောင့်ဆိုင်းနေကြရပါတယ်။ သူတို့ ဟာ ဘယ်လောက်စောင့်ရမယ်ဆိုတာ မသိသေးတဲ့ လူများလှပါတယ်။
ဟူး ဖေဖော်ဝါရီ ၁၄ရယ် ဒီနေ့က ဝေးနေတဲ့ ချစ်သူတွေကို နာကျင်မှုတွေ ပေးနေတာလား မဟုတ်ဘူးဆိုရင် ဝေးနေကျတဲ့ လူတွေကို အမြန်ဆုံး ပြန်လည်နီးစပ်ပေးလိုက်ပါလား။

Sunday, January 27, 2008

Google Talk ကို account တစ်ခုထက်ပိုပြီး တစ်ပြိုင်နက် ၀င်ချင်ရင် ဒီလိုလုပ်ရင်ရပါတယ်

Google Talk ကို ပုံမှန်ဆိုရင် account နှစ်ခု တစ်ပြိုင်နက် ၀င်လို့မရပါဘူး။
account နောက်တစ်ခု ပြောင်းသုံးချင်ရင် အရင်ဝင်ထားတဲ့
account ကို sign out လုပ်ပြီးမှ နောက် account တစ်ခု ၀င်လို့ရပါတယ်။

1. Start > All Programs > Google Talk > Right click Google Talk > Properties
2. Shortcut tab ကို ၀င်ပါ။
3. Target မှာ "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ ထည့်ပါ။
4. General tab ကို ၀င်ပါ။
5. Google Talk ဆိုတဲ့ နေရာမှာ Google Talk Multiple လို့ ပြောင်းပါ။

ဒီလိုလုပ် ပြီးပြီဆိုရင်တော့ account နှစ်ခု တစ်ပြိုင်နက် ၀င်လို့ရသွားပါပြီ။

Wednesday, January 23, 2008

ko kyaw htet said,

နည်းပညာသမားဆို ကြိုဆိုတယ်..
လေ့လာလိုသူတွေကို ကြိုဆိုတယ်..
ဆွေးနွေးလိုသူတွေကို နွေးထွေးမယ်..
ငါပြန်လာခဲ့ပါပြီ…
ငါအခုထိ ရှင်သန်ဆဲပဲ…
ကျဆုံးခြင်းဆိုတာ နေ့ရက်တိုပါ…
အောင်မြင်မှုအတွက် လမ်းခုလတ်ပါ…
နည်းပညာလောကမှာ ဆက်လက်ရှင်သန်မယ်…

Read More...

Summary only...

Sunday, January 20, 2008

မိတ်ဆွေများ

စင်ကာပူသွားချင်သောမိတ်ဆွေများ auto cad နှင့်languageကျွမ်းကျင်အောင်ပြင်ဆင်ထားကြပါ။

Saturday, January 19, 2008

ကျွန်တော်နဲ့သူငယ်ချင်းများအလုပ်ရှုပ်နေပုံ


ကျွန်တော်နဲ့သူငယ်ချင်းများအလုပ်ရှုပ်နေပါသည်။
မင်္ဂလာအပေါင်း ခညှောင်းပါစေ
နှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝပြီး၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို နုတ်ခွန်းဆက်သလို့ ကြိုဆိုပါရစေ။

Thursday, January 17, 2008

စမ်းတဝါးဝါး နဲ့စတဲ့ကျွန်တော့်ရဲ့blog

thusday, January 17, 2008
စမ်းတဝါးဝါး နဲ့စတဲ့ကျွန်တော့်ရဲ့blog
ကျွန်တော့်blogအစက စမ်းတဝါးဝါးနိုင်တာဗျ blog နဲ့ပတ်သက်ရင်
နကန်းတစ်လုံးမှ မသိတဲ့ကျွန်တော့်အတွက် တော်တော်အခက်အခဲဖြစ်တယ်ဗျ....
blog ဆိုတာကြားဖူးရုံပဲရှိတာ blog ဆိုတာဘာမှန်းကိုမသိတာလေ အဲ့လောက်ဗဟုသုတ
စုံလင်တာဗျ....... ဘယ်သိပါ့မလဲ internet ပေါ်ရောက်ရင် chat မယ် photos ကြည့်မယ် mail လေးဘားလေးပို့မယ်ပေါ့ဗျာ။
chat ဆိုရင်တောင်gtalk မှgtalk ဟိုရှာ ဒီရှာ ရှာမယ် ဒီလောက်ပဲသိတာကိုး ......
ဘော်ဒါကလည်းများသလားမမေးနဲ့ ကျော်ထက် ဆိုရင်ဘယ်သူမှမသိဘူး
နောက်မှချစ်ဘော်ဘော်လေးမင်းသုစံ blog လို့ပြောမှ blog ဆိုတာတစ်ခါထပ်ကြားဖူးရပြန်တယ်ဗျ...
အဲနဲနဲစိတ်ဝင်စားသွားတယ်ဗျ bloggerဖြစ်ခြင်လာတယ်ဗျာ.......
blogger ဆိုတဲ့စိတ်လေးဝင်လာတယ်ပေါ့ဗျာ လေ့လာမယ်ကြံတော့
ဘယ်ကနေစရမယ်မှန်းမသိ ဘာလုပ်ရမယ်မှန်းလည်းမသိနဲ့ တော်တော်ရွာလည်တာဗျ.....
အရင်ဦးဆုံးဘာရယ်တော့မဟုတ်ပါဘူး google မှာ account ကို create လုပ်လိုက်ပါတယ်........
ပြီးတော့ဘာဆက်လုပ်ရမှန်းမသိတော့ဘူး.........
နောက်မှ ချစ် ဘော်ဘော်လေးက သူများ blog တွေဝင်ကြည့်ဆိုမှဝင်ကြည့်ရကောင်းမှန်း
သိတော့တယ် ...ကြည့်..... ကျွန်တော်ကအဲ့ဒီလောက်ကိုတော်လိုက်ပုံများပြောရရင်
ရှက်စရာကြီးဗျ.... တုံးတဲ့အထဲမှာကျွန်တော်က ထိပ်ဆုံးကပဲထင်တယ်။ပထမဆုံးတော့ကိုမောင်လှ
blogကိုအရင်ဆုံးဝင်ကြည့်ဖြစ်ပါတယ်။ ဒုတိယကတော့ကိုညီလင်းဆက်blogပါဘဲ.....အဲဒီကမှနောက်ဆုံး
ကိုစေတန်ရဲ့blogger လက်ဆွဲ pdf စာအုပ်လေးရတော့မှပဲသေသေချာချာသိသွားတော့တယ်.....ကိုရန်အောင်၊ကိုမင်းကျော်
ဟဟ တော်တော်တော့ မောသွားတယ်.... စုံနေအောင်ပဲဗျာရှာရတာ ကျေးဇူး Saturngod ရေ ကျွန်တော်ဆက်လက်ကြိုးစားသွားပါဦးမယ်...
cyber cafe ခလည်းတော်တော်ကုန်နေပြီဗျာ.....စတော့စပီ နောက်...ဘယ်လိုလာမယ်တော့မသိဘူး
ဘုရားသခင်၊မွေးဖေဖေ၊ မွေးမေမေ၊တစ်ဦးတည်းသောချစ်သူ
လောကကြီးနဲ့ အကိုတွေ၊ ညီတွေ၊ မောင်တွေ၊ အမတွေ သူငယ်ချင်းတွေ အားလုံး(အားလုံး)ကို
လေးစားစွာဖြင့် ကျေးဇူးကမ္တာဗျာ.................
Posted by kokyawhtet at 3;35 pM 0 comments
 

Design by Amanda @ Blogger Buster