Monday, June 9, 2008

လူသားချင်းစာနာမှု


တူညီချက်ဟူ၍ လူသားအချင်းချင်းဖြစ်ရုံမျှနှင့်
အခြားသူများခံစားရသောဒုက္ခသုက္ခတို့ကို
စာနာနားလည်မိပါသည်ဟူသောအဓိပ္ပါယ်မှာ
မြန်မာနိုင်ငံတွင်နာဂစ်တိုက်ခတ်ခြင်းကြောင့်
ပြည်သူအများသိန်းဂဏန်းသေဆုံးပျောက်ဆုံးသည့်အခါ
မြန်မာနိုင်ငံသို့တစ်ခေါက်မှပင်မရောက်ဘူး၊ကြားပင်မကြားဘူး၊
မြန်မာနိုင်ငံကောင်းစားခြင်း မကောင်းစားခြင်းသည်
သူ၏အကျိုးစီးပွားနှင့်မသက်ဆိုင်သည့် မိုင်ထောင်ချီဝေးရာအရပ်မှ
သာမာန်ပြည်သူတစ်ဦးကမိမိချွေးနှဲစာမှ ၁၀ဒေါ်လာမျှ
မြန်မာနိုင်ငံသို့ လူသားချင်းစာနာသောအကူအညီ
Humanitarian Aid အဖြစ်ထည့်ဝင်
လှူဒါန်းသည့့််အခါမျိုးတွင် ပို၍ထင်ရှားပေါ်လွင်ပါသည်။
မြန်မာပြည်သူများ မုန်တိုင်းကြောင့်
ထိခိုက်ဆုံးရှုံးရချိန်ဝယ်“လူသားအချင်းချင်းဖြစ်သည်ဆိုကာ”
ထပ်တူထပ်မျှခံစားနားလည်ပြီး
“နှုတ်အား၊စိတ်အား၊ကိုယ်အား”ဖြင့်
“လူသားချင်းစာနာသောအကူအညီ”
ပေးအပ်ကြသောကမ္ဘာအရပ်ရပ်ရှိ
လူသားအပေါင်းအား
www.kokyawhtet.blogspot.com
အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Friday, June 6, 2008

ဧရာဝတီ၏ ၀ိညာဉ်များ




ငါတို့ ဧရာဝတီမှာ မွေးကြတယ်။
ဒီမြေကြီးကို ယက်ထွန်
ဒီရေမှာ စုန်ဆန်ကူး
ဧရာဝတီကို အမှီပြုလို့
ငါတို့ဘ၀တွေ ရှင်သန်ကြသည်။

ဧရာဝတီက ကျွေးတဲ့ ဆန်
မြန်မာပင်လယ်ထဲက ပေးတဲ့ငါး
အားထားလို့ ရုန်းကန်ရင်း
ဒီရေ၊ ဒီမြေ၊ ဒီပင်လယ်မှာ ခေါင်းချသွားခဲ့ပြီ။
အမိနိုင်ငံရဲ့ တောင်ပိုင်း
မြစ်လက်တက် ချောင်းကန်တွေ အမွှာမွှာယှက်နေတဲ့
ဒီ..ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကြီးသာပဲ
ငါတို့ရဲ့ အနှီးပုခက်…….
ငါတို့ရဲ့ ထမင်းအိုး…..
ငါတို့ရဲ့ တစပြင် ထာဝစဉ်ဖြစ်တော့သည်။

မြစ်ဝကျွန်းပေါ် ဧရာဝတီ
မြန်မာပြည်ရဲ့ ဆန်အိုးကြီးလို့ ကမ္ဘာတွင်ရဲ့
အာရှတိုက်ရဲ့ စပါးကျီလည်း ဖြစ်ခဲ့ဘူးရဲ့။
မိုးထဲလေထဲ ဇွဲနပဲနဲ့
ရွှံ့ထဲရေထဲ နွားနဲ့ ထွန်တုံးဖက်ကန်ရုန်းရင်း
ဧရာဝတီသား လယ်သမားတို့
ပြည့်ဝမ်းစာလည်း ပြည့်စေခဲ့ပြီ။

စပါးထွက်တိုး ကြိုးစိုက်ပျိုးရင်း
အင်းအိုင် ချောင်းမြောင်း ပိုက်ကွန်ဟောင်းနဲ့
ပင်လယ်ပြင်အောက် လှိုင်းမကြောက်ပဲ
တိုင်းကျိုးပြည်တွက် ဆောင်ရွက်ခဲ့ပြီ။

Thursday, April 3, 2008

အကြည့်များ

“ဟိုးအရှေ့မှာမီးရောင်”
ပထမလူ။ ။“မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကိုသေသေချာချာပြန်ကြည့်ရအုံးမယ်”
ဒုတိယလူ။ ။“ပတ်ဝန်းကြီးကို အရင်ကြည့်ပစ် လိုက်မယ်ဗျာ”
တတိယလူ။ ။အတန်ကြာငြိမ်သက်ပြီးမှ
“ကျွန်တော်ကတော့မီးအိမ်ထွန်းတဲ့လူကိုအရင်ကြည့်မယ်ဗျာ”

ပန်းပြန်ပွင့်တဲ့ပန်း

မေမေ.....
လောကကြီးမှာ
ကြွေသွားပြီးတဲ့ ပန်းတွေအများကြီး
အဲဒီထဲမှာပန်းပြန်ပွင့်တဲ့ပန်း
မရှိဘူးလို့ထင်လား။
တချို့ပန်းပွင့်တွေက
တစစီဖဲ့ချွေခံလိုက်ရပေမယ့်
ပန်းပြန်ပွင့်နိုင်တဲ့သတ္တိတွေရှိတယ်.....
ဂျူး

Monday, March 31, 2008

မြန်မာလိုရေးထားသော ebooks များ

မကြာခင်မှာ ကျွန်တော် မြန်မာလိုရေးထားသော ebooks
များကိုတင်ပေးပါမယ်......
ရယူစားသုံးကြပါ....
အထူးသဖြင့်computer application နှင့်ဆိုင်သော
e books များဖြစ်ပါတယ်....

Thursday, March 27, 2008

နှစ်သစ် ဆုတောင်း

ကျွန်တော် post မရေးဖြစ်တာ တော်တော် ကြာသွားခဲ့ ပါတယ်...........
အခုပြန်ရေးပါတော့မယ်........
အခုတလော internet connection ကလည်း တော်တော်လေးကို နှေးနေပါတယ်..........
ဘာဖြစ်မှန်း မသိပါ.............
အခုမြန်မာ့ရိုးရာအတာသင်္ကြီန်လည်းရောက်တော့မှာဆိုတော့
မြန်မာ blogger အပေါင်း နှင့် မြန်မာ ပြည်သူပြည်သား အပေါင်း
နှစ်သစ်မှာ ရေလိုအေးပြီး လိုအင်ဆန္ဒတွေပြည့်ဝ ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်.......

Friday, February 22, 2008

မှတ်တိုင်

သေလောက်သောရောဂါရှိသည့်လူနာနှစ်ဦး
အဝေးသို့ငေးမောနေကြသည်။
အတန်ကြာမှ........
တစ်ယောက်က မထီတရီအပြုံးဖြင့်.....
“သင်္ချိုင်းမှာမှတ်တိုင်တစ်ခုစိုက်ရဖို့ဆိုတာတောင်
သေရဲဖို့ လိုတယ်ဗျ“....
ကျန်တစ်ယောက်က သက်ပျင်းချရင်းပြောသည်။
“သမိုင်းမှာမှတ်တိုင် စိုက်နိုင်ဖို့ဆိုတာ ကလည်း
ရှင်ရဲဖို့ လိုတယ်ဗျ.....“

Wednesday, February 20, 2008

ကျွန်တော့်သမီး မွေးနေ့ပွဲမှ ဓါတ်ပုံများဖြစ်ပါတယ်.......


ရှေးဦးစွာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီး မွမ်းပါတယ်......
အစစ အရာရာဝိုင်းဝန်းကူညီပေးကြ သော မိတ်ဆွေ များ
နှင့်အထူးသဖြင့် ဓါတ်ပုံနှင့်ဗီဒီယို မှတ်တမ်းတင်ပေးသော
ဆရာ y-lay နှင့် darling myo thant တို့အား၎င်း၊
မုန့်ဟင်းခါးချက်ပြုတ်ပေးသောကိုဖြူ အား၎င်း
အထူးကျေးဇူးတင်ပါကြောင်း
မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Wednesday, February 13, 2008

တမ်းတ

လရောင်သမ်းတဲ့
မိုးကောင်ကင်မှာ
ကြယ်စင်ကလေးတွေမရှိရင်
သဘာဝအလျောက်လင်းတဲ့
မီးအိမ်ကလေးရှိခဲ့မယ်ဆိုရင်
ချစ်သူက
ကိုယ့်ကို
ထာဝရ တည်မြဲမဲ့
သံယောဇဉ်ပန်းကလေး
ပေမှာလား……..

(ချစ်သူများနေ့ အမှတ်တရ)
ကျွန်တော့်ညီလေးရေးထားတာပါ
ကျွန်တော်ကတော့ကဗျာမရေးတက်ပါ။

ဆောင်း

ဆောင်းညတွေမှာ
နှင်းတွေတဖွဲဖွဲကျတဲ့
လေဟာပြင်
တောင်တန်းတနေရာက
တဲအိမ်ကလေးထဲမှာ
အထီးကျန်မဲ့
လူတစ်ယောက်ဟာ
ဘ၀ကူဖော်
ပေါ်လာနိုးရယ်နဲ့
နှင်းတွေသာ
တောင်လိုဖြစ်ကာ
အဝေးသူရဲ့
အရိပ်အရောင်တောင်
မမြင်ရရှာ……….

(ချစ်သူများနေ့ အမှတ်တရ)
 

Design by Amanda @ Blogger Buster