
လူအများသိကြတဲ့ အတိုင်းဖေဖော်ဝါရီ၁၄က ချစ်သူများဆုံဆည်းကျတဲ့နေလေးပေါ့ဗျာ။ ချစ်သူတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် တစ်နိုင်ငံထဲံမှာ အတူရှိနိုင်သလို မတူတဲ့အခါတွေလည်း ရှိပါတယ်။ တူတဲ့အခါမှာ ပျှော်ရွှင် ကြည်နှုးရမယ်ထင်ပါတယ် ဒါပေမယ့် ဝေးနေတဲ့အချိန်တွေမှာတော့ အရမ်းကိုခက်ခဲလှပါတယ်။ သူတို့မှာ ဖေဖော်ဝါရီ၁၄ကို သူတို့သူငယ်ချင်းတွေ သူတို့ချစ်သူလေးတွေနဲ့ ကျင်းပနေချိန်မှာ သူတို့ရဲ့ နှလုံးသားထဲမှာတော့ ချစ်သူကို လွမ်းစိတ်နဲ့ နာကျင်လွန်းလှပါတယ်။ ဒါကြောင့် ချစ်သူများနေ့ဟာ တစ်ခြားလူတွေအတွက် ပျှော်စရာတွေ ဖြစ်နိုင်ပေမယ့် ဝေးနေကြတဲ့ လူတွေအတွက်တော့ နာကျင်ခံစားလွမ်းဆွတ်ရပါတယ်။ ချစ်သူများနေ့မှာ ချစ်သူအားလုံး အတူတူရှိနိုင်ရင် လောကကြီးက ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါပေမယ့် လောကကြီးဟာ ကျနော်တို့ကို မျက်နှာသာမပေးပါဘူး။ တစ်ချိန်ဆိုတာလေးကို သူတို့ဝေးနေကြတဲ့လူတွေ စောင့်ဆိုင်းနေကြရပါတယ်။ သူတို့ ဟာ ဘယ်လောက်စောင့်ရမယ်ဆိုတာ မသိသေးတဲ့ လူများလှပါတယ်။
ဟူး ဖေဖော်ဝါရီ ၁၄ရယ် ဒီနေ့က ဝေးနေတဲ့ ချစ်သူတွေကို နာကျင်မှုတွေ ပေးနေတာလား မဟုတ်ဘူးဆိုရင် ဝေးနေကျတဲ့ လူတွေကို အမြန်ဆုံး ပြန်လည်နီးစပ်ပေးလိုက်ပါလား။
No comments:
Post a Comment